
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင်(၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခုအခါ ဈေးကွက်အတွင်း မတ်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်(၅၅၀၀)ကျပ် ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)