Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်း

Powered by Drupal

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက်ဈေးနှုန်းများမှာ (၁)ပြည်ပါတစ်ထုပ်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည် ပါတစ်ထုပ်လျှင်(၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီးအစို(၂)ပိဿာကို အခြောက်လှမ်းလျှင် ခရမ်းသီးခြောက်(၁)ပြည်ရကြောင်း၊ ခရမ်းသီးခြောက်များကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ များမှလည်း ဝင်ရောက်ကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)