Main menu

ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် မရမ်းသီးများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ချိုချိုချဉ် ချဉ်လေးနဲ့ အရသာရှိသော  မရမ်းသီးကို လူတိုင်းကြိုက်ကြကြောင်း၊ မရမ်းသီးလေးစားရတာက ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်ကလေးဖြစ်ကြောင်း၊ မရမ်းသီးစိမ်းသည်  ဆားရည်ပဲစိမ်စားစား၊ ပါးပါးလေးလှီးပြီး သုတ်ပဲစားစား၊ လက်ဖက်နဲ့ပဲရောစား စား စားလို့ကောင်းသော အသီးအနှံဖြစ်ကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”တွင်ရောင်းချနေသည့်  မရမ်းသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၅၀၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မရမ်းသီးများသည် ကန့်ဘလူမြို့ပေါ် ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်းဝင်ရောက်ကြောင်း ကုန်စိမ်းရောင်းချ သည့်လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)