
ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင် မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင်(၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၇၀၀၀)ကျပ်မြင့်တက် လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)