Main menu

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသာ မြေပဲလုံးဆံနှင့်မြေပဲအတောင့်ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော်စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

           ကန့်ဘလူခရိုင်၌ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၄၀၀၀၀) ကျပ်နှင့် မြေပဲလုံးဆံ(၁)တင်းလျှင်(၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိကြောင်း၊  ကန့်ဘလူ ခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်းကောင်း၊ မန္တလေး မြို့နှင့်ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)