
၂၅-၁-၂၀၂၅ နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာဈေး၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပြည်သူများ၏သက်သာချောင်ချိ ရေးကိုရှေးရှု၍ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရန် ပြည်သူ့သက်သာဈေး အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးခဲ့ပါသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်များတွင် ရောင်းချပေးခဲ့သည့် စားသောက် ကုန်များနှင့် ဈေးနှုန်းများမှာ ဆန်(၁)ပြည်လျှင်(၃၆၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင်(၈၂၀၀) ကျပ်၊ ဝက်သားများကို သုံးထပ်သားတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အရိုး+အသားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အရိုးကြမ်းတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ အမဲသားများကို အသားအသန့်တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အရိုး+အသားတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ အရိုးကြမ်းတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ဆိတ်သားများကိုအသား အသန့်တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အရိုး+အသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အရိုးကြမ်းတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၀၀) ကျပ်နှုန်းတို့ဖြင့် သက်သာစွာရောင်းချပေးခဲ့သဖြင့် စားသုံးသူပြည်သူများ သည် ပျော်ရွှင်ကြည်နူးစွာ ဝယ်ယူအားပေးခဲ့ပါကြောင်း သိရှိရသည်။
DOCA(မန္တလေး)