
ဇန်နဝါရီလကုန်ပတ်မှစတင်၍ သရက်ကင်းများထွက်ပေါ်လျှက်ရှိပါသည် ။ ရာသီစာသီးနှံများ ဖြိုင်ဖြိုင်ထွက်ပေါ်လေ့ရှိသော ယခုလိုရာသီမျိုးတွင် စားစရာများစုံစုံလင်လင် ထွက်ပေါ်လျှက်ရှိပါ သည်။ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော သရက်ကင်းများအရောင်းသွက်နေ ပြီးယခင်နှစ်ထက်စျေးနှုန်းပိုမိုရရှိကြောင်း ၊ ယခင်နှစ် သရက်ကင်း(၁၀)ကျပ်သားလျှင် (၈၀၀/-)ကျပ် ၊ တစ်ပိဿာစျေးနှုန်းအနေဖြင့်(၇၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် သရက်ကင်း စျေးနှုန်းအနေဖြင့် သရက်ကင်း (၁၀)ကျပ်သားလျှင် (၁၀၀၀/-)ကျပ် ၊ တစ်ပိဿာစျေးနှုန်း အနေဖြင့် (၉၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည် ။ အညာဒေသထွက် သရက်ကင်းမျိုးများမှာ သုံးလုံး တစ်ထောင်သီး၊ နတ်တဲ့သီး၊ ပန်ကြည်ဝင်သီးများမှာ အကင်းအရွယ်၌ စားကောင်းသောမျိုးများဖြစ် သည်။အကင်းအရွယ်တွင် စျေးကောင်းရသောကြောင့် ကုန်စိမ်းစျေးကွက်ထဲတွင် ဝင်မလောက် ဖြစ်နေကြောင်း၊ အရောင်းသွက်ကြောင်း၊ ယိုးဒယားသရက်အလုံးမျိုးများလည်း ရောင်းဝယ်လျှက်ရှိ
ကြောင်း ၊ အလုံးကြီးကိုအချိန်ဖြင့်ဝယ်ယူပါက တစ်ပိဿာလျှင်(၆၀၀၀/-)ကျပ်ဖြင့် ရောင်းချပေး ကြောင်း၊ တစ်လုံးချင်း ဝယ်ယူမည်ဆိုပါက အလုံးအကြီး အသေးပေါ်မူတည်၍ (၈၀၀-၁၀၀၀)ကျပ် အထိရောင်းချကြောင်း၊စားသုံးသူအကြိုက်များသောကြောင့် သရက်ကင်းရောင်းချသူများစျေးကောင်း ရ၍ဝင်ငွေတိုးကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)