Main menu

မန်းမြို့တွင်းသစ်သီးဝလံဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား ၊ ကူမဲနှင့် ပုသိမ်ကြီး၊ မတ္တရာဒေသများမှ ဖရဲ၊သခွားနှင့် သင်္ဘောသီးမှည့်များ  ဝင်ရောက်လျက် ရှိပါသည်။ သင်္ဘောသီးကို ထိုင်ဝမ်နှင့် ဗမာသင်္ဘောဟူ၍ နှစ်မျိုးဝင်ရောက်ပြီးသခွားမွှေးကိုပိုက်ကွက်နှင့် ရွှေသခွှားဟူ၍နှစ်မျိုးရှိပြီးစားသုံးသူများအနေဖြင့်ရွှေသခွားကိုပို၍ကြိုက်နှစ်သက်ကြပါသည်။ဈေးနှုန်းဈေးကွက်အနေနှင့်ရွှေသခွားမွှေးအဝိုင်းလုံးကြီး ၁လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ လုံးရှည် ၁လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်၊ ဝိုင်းသေး ၁လုံး ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ် ၊ ပိုက်ကွက်လုံးကြီး ၁ လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ ကျပ် ၊ဖရဲသီးဈေးနှုန်းအနေနှင့် လုံးကြီး ၁လုံး၅၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်၊ လုံးလတ် ၁လုံး ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်၊ လုံးသေး ၁လုံး၁၅၀၀ ကျပ်မှ ၂၀၀၀ကျပ် နှင့် သင်္ဘောသီးထိုင်ဝမ်လုံးကြီး ၁လုံး၅၀၀၀ကျပ် ၊ လုံးလတ် ၁လုံး ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ် သေး ၁လုံး ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ် ဗမာသင်္ဘောသီးလုံးကြီး၁လုံး ၃၅၀၀ကျပ် ၊၄၀၀၀ ကျပ်၊ လုံးလတ် ၁လုံး၂၅၀၀ကျပ်မှ ၃၀၀၀ ကျပ် ၊သေး ၁လုံး ၁၅၀၀ကျပ် ၊၂၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သီးနှံများကို စားသုံးသူများနှင့် အအေးဆိုင်များမှ ဝယ်ယူမှု ရှိကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)