Main menu

ကုလားပဲစျေးနှုန်းစျေးကွက်

Powered by Drupal

မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက် စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၂၇၀၀၀ကျပ်နှင့် ၂၂၈၀၀၀ကျပ်၊ ကုလားပဲ(V-7)၂၃၅၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၂၂၀၀၀ကျပ်၊ ကုလားပဲ(929)၂၂၅၀၀၀ကျပ် နှင့် ၂၂၆၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးများမှာ ကုလားပဲ(V-2) ၃၉၆၅ကျပ်နှင့် ၃၉၈၃ကျပ်နှင့် (V-7)၄၁၀၅ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၃၉၄၇ကျပ်၊ ကုလားပဲ(929) ၄၀၀၀ ကျပ်နှင့်၄၀၁၈ ကျပ် ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူပေါက်စျေးတစ်ပိဿာစျေးများမှာ ကုလားပဲ(V-2) ၄၅၄၁ ကျပ်နှင့် ၄၅၇၆ ကျပ်၊(V-7) ၄၅၄၁ကျပ်နှင့် ၄၅၉၄ ကျပ်၊(ထိုင်ဝမ်)၄၅၃၃ ကျပ်နှင့်၄၅၆၉ကျပ်၊(929) ၄၄၉၈ ကျပ်နှင့်၄၅၃၃ကျပ်စျေးဖြစ်ပေါ် ခဲ့သည့်အတွက် ယခုနှစ်ပေါက် စျေးမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ ကုလားပဲသီးနှံဝင်ရောက်မှုပေါ် မူတည်၍ ရက်အလိုက်အနည်းငယ်စျေးပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။စျေးကွက်အတွင်း ကုလားပဲသစ်များ ဝင်ရောက်လာသည့်အတွက်  ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကုလားပဲစျေးမှာ အနည်းငယ်ကျသွားကြောင်း ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)