Main menu

ပြောင်းစျေးနှုန်းစျေးကွက်

Powered by Drupal

 မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးသည့်အစေ့ထုတ်ပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက် တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ  နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာ၃တင်းဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)၈၁၀၀၀နှင့် ၈၂၀၀၀ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း) နှင့်(စီပီ) မှာ ၈၃၀၀၀ကျပ်နှင့် ၈၄၀၀၀ကျပ်၊အထွက်တိုးပြောင်းနီ ၇၆၀၀၀ကျပ် နှင့် ၇၇၀၀၀ကျပ်၊အထွက်တိုးပြောင်းဖြူ ၈၂၀၀၀ ကျပ်နှင့် ၈၃၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ဗမာ) ၁၅၀၀ ကျပ်နှင့် ၁၅၁၉ကျပ်၊(ရှမ်း) နှင့်(စီပီ)၁၅၃၇ကျပ်နှင့်၁၅၅၆ကျပ်၊အထွက် တိုးပြောင်းနီ ၁၄၅၃ကျပ်၊အထွက်တိုးပြောင်း(ဖြူ) ၁၅၄၇ကျပ်နှင့် ၁၅၆၆ကျပ်တို့စျေးဖြစ်ပေါ်လျက် ရှိကြောင်းသိရပါတယ်။ယခင်နှစ်ကာလတူ တစ်ပိဿာပေါက်စျေးမှာပြောင်းဖူးစေ့(ဗမာ)၉၀၇ကျပ် နှင့်၉၂၆ ကျပ်၊(ရှမ်း) ၉၆၃ ကျပ်နှင့် ၉၇၂ကျပ်၊(စီပီ) ၉၄၄ကျပ်နှင့် ၉၅၄ကျပ်၊ အထွက်တိုးပြောင်းနီ ၁၂၂၆ကျပ်နှင့် ၁၃၂၁ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါကတစ်ပိဿာ လျှင် ၅၉၃ကျပ်ခန့်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပြောင်းသီးနှံမှာမွေးမြူရေးအစားစပ်လုပ်ငန်း တွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့်မန္တလေးစျေးကွက်တွင်အရောင်းသွက်သည့် ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မှ ပြောင်းကား( ၂၂ဘီး/ ၁၂ဘီး/ ၆ဘီး) ၂၀၃၃ စီးနှင့်ပြောင်း ဖူးစေ့ ၄၂၆၇၇ တန် ဖြစ် ဝင်ရောက်ကြောင်း ဂိတ်ဖြတ်စာရင်းများအရ  သိရပါတယ်။

DOCA(မန္တလေး)