
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စပါး ဈေးနှုန်းမှာ ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၂၀) အိတ်ခန့်၊ စုစုပေါင်း (၄၅၂၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၆) တန်ခန့် စီးထွက်ခဲ့ပြီး တတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ် လျော့၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၂၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၅၀) တန်ခန့်စီးဝင်ခဲ့ပြီး ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၃၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ ာစီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စပါးဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၀၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀) ခန့်၊ ကမာကြည် (၂၄၀၀၀၀၀) ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၁၁၀၀၀) ခန့်၊ ကမာကြည် (၉၇၀၀၀) ခန့်၊ ဧည့်မထ (၇၃၀၀၀) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)