
ကန့်ဘလူမြို့ရှိ ကျေးရွားများတွင် စိုက်ပျိုးရေးကို အခြေခံ၍ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် သခွားသီးကိုလည်း စိုက်ပျိုးထားရှိပြီး ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထအပတ်တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာ သခွားသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ တိုင်ထောင်သခွားသီး အလုံး(အကြီး) တစ်လုံးလျှင်(၇၀၀)ကျပ် နှင့် တိုင်ထောင်သခွားသီး အလုံး(အသေး) တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ မျိုးစုံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)