Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မျှစ်ချို ဈေးနှုန်း အခြေအနေ

Powered by Drupal

              ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင် ပေါ၍ဈေးချိုချိန်တွင် မျှစ်ချဉ်/မျှစ်ချို တို့ကို နှစ်ပတ်လည်ရောင်းချရန်အတွက် စဉ့်အိုးများ၊ အင်တုံများ ၊ပလပ်စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ဒေသထွက် မျှစ်မျိုကို ရောင်းချကြပါသည်။ မျှစ်ချိုကို နှစ်ရှည်ခံအောင် မျှစ်ကို ဆားနှင့်အချိုသိပ်ရပါသည်။ မျှစ်ချိုကို အချောင်းအလိုက်ရောင်းခြင််း၊ မျှစ်အချောင်းကို အပ်ဖြင့်ဖွပြီးရောင်းခြင်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ ‌စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချို ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)