
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင် ပေါချိန်တွင် မျှစ်ချဉ်/မျှစ်ချို တို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ဒေသထွက် မျှစ်ချဉ်ကို ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်ချဉ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချဉ် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)