
ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ရွှေပဲသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေးအတွင်းရှိ ရွှေပဲသီး ဈေးနှုန်းမှာ ရွှေပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)