
ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း၌ ရွှေဖရုံသီးများရောင်းချလျက်ရှိရာ ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူရောင်းချရပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများနှင့် ရေဦးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး(အကြီး)တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး(အလတ်)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး (အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းနှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)