
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိ ကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြောင်း သိရသည်။
ဘူးသီးကို စိုက်ပြီးနောက် (၇၅)ရက်မှ (၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးသီးကို မနုမရင့် အနေတော်ခူးရကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၂၀၀၀ကျပ်ဖြင့် နှင့် ဘူးသီး(၁)စိတ်လျှင် ၅၀၀ကျပ် ရောင်းချရ သည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)