Main menu

ကန့်ဘလူမြို့နယ်၌ရောင်းချနေသော လူကြိုက်များသည့် ဘူးညွှန့်ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးလျက်ရှိရာ ဘူးသီးတင်မက ဘူးညွှန့်များကိုပါ ရောင်းချရသည့် အတွက် မိသားစုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          ဘူးညွန့်ဆိုတာက နွယ်တက်ပြီး အရွက်ကအစိမ်းရောင် ဖားဖားလေးတွေရှိပြီး အရွက်လေး တွေနဲ့ရိုးတံလေးတွေမှာ အမွေးဖြူပါးပါးလေးတွေပါကြောင်း၊ အရသာကနုညံ့ပြီး လတ်လတ် ဆတ်ဆတ်ဆိုရင် အချိုအရသာရှိကြောင်း၊ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ၊ ကြော်စားတာ၊ ချဉ်ရည်ချက်စားတာ၊ ဟင်းချိုချက်စားတာ စသည်ဖြင့် အမျိုးမျိုးစားပေးလို့ရကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ဘူးညွှန့်(၁)စည်းလျှင် ၃၀၀ကျပ်၊ ဘူးညွှန့်(၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးညွှန့်ကို စားသုံးသူများက ကြိုက်နှစ်သက်၍ ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။

          DOCA(စစ်ကိုင်း)