Main menu

ပြွန်တန်ဆာမြို့ရှိ ရေတိုင်ကီလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၆.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦး ရဲမင်းထွဋ်၊ ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်၊ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက် မိုး၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ မိတ်ဖက်ဌာနဖြစ်သော ပြွန်တန်ဆာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်အတူ ပြွန်တန်ဆာမြို့၊ မြို့မ(၃)၊ မင်းလမ်းရပ်ကွက်ရှိ New Age ရေတိုင်ကီ လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်ဖြစ်သူ ဦးအောင်ကျော်မင်းနှင့် လုပ်ငန်းအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က သိရှိလို သည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် ဦးအောင်ကျော်မင်းက ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။ မေးမြန်းဆွေးနွေးချက်များအရ New Age ရေတိုင်ကီလုပ်ငန်းသည် ထိုင်းနည်းပညာ ကို အခြေခံထားပြီး အိန္ဒိယပုံစံဖြင့် ထုတ်လုပ်ထားကြောင်း၊ ရေတိုင်ကီ ပြုလုပ်ရာတွင် SAG ကော်မှုန့် ကို အဓိကအသုံးပြုထားပြီး ရေတိုင်ကီ ၅၀၀ လီတာ တစ်ခုလျှင် ၁၈၅၀၀၀ကျပ်၊ ရေတိုင်ကီ ၁၀၀၀ လီတာတစ်ခုလျှင် ၃၀၆၀၀၀ကျပ်၊ ရေတိုင်ကီ ၁၅၀၀ လီတာ တစ်ခုလျှင်  ၄၁၀၀၀၀ကျပ်၊ ရေတိုင်ကီ ၂၀၀၀ လီတာ တစ်ခုလျှင် ၅၁၀၀၀၀ကျပ်ဖြင့် ရောင်းချပြီး ယင်းဈေးနှုန်းများသည် ရန်ကုန်အရောက် ဈေးနှုန်းများ ဖြစ်ကြောင်း သိရှိရပါသည်။ ရေတိုင်ကီ ပြုလုပ်ရာတွင် ကုန်ကြမ်းများအနေဖြင့် ကော် မှုန့်၊ Gas၊ လျှပ်စစ်တို့ အဓိကလိုအပ်ပြီး အလုပ်သမား(၆) ဦးနှင့် လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် တောင်ငူ၊ ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးတို့ကို ရောင်းချလျက်ရှိပြီး လုပ်ငန်းအခက်အခဲမှာ လျှပ်စစ်မီးဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်စစ်မီး မလာသောအခါမျိုးတွင် Gasအိုးဖြင့် လုပ်ငန်းလည်ပတ်ရပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု၊ သယ်ပို့စရိတ်ကြီးမြင့်မှု၊ ကုန်ကြမ်း ရှားပါးမှု၊ ဈေးကွက်အတွင်းပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတို့ကြောင့် ရေတိုင်ကီလုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)