Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

           အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(2.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၈.6.၂၀၂၂) ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ) ယခင်အပတ်(၁၇၅၀၀ဝိ/-) ယခုအပတ်(၁၇၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ် (၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-)  ယခုအပတ် (၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)ဖြစ်၍ နှမ်းဈေးကွက်အနေဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ ယခင်အပတ်(၃၀၀၀ဝိ/-) ယခုအပတ်(၃၀၀၀ဝိ/-)နှင့်ပဲကြီး  ယခင်အပတ် (၆၉၀၀ဝိ/-) ယခုအပတ် (၆၉၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ် (၄၂၄၀ဝိ/-) ယခုအပတ်(၄၃၃၀ဝိ/-)ဖြစ်၍ (၉၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၄၆၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၄၇၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ် (၄၈၀၀ဝိ/-) ယခုအပတ်(၄၈၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၄၂၇၅)ကျပ် ယခုအပတ် (၄၃၀ဝိ/-)ကျပ်ဖြစ်၍ (၂၅)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီမှာ ယခင်အပတ် (၃၉၅ဝိ/-) ယခုအပတ် (၄၁၀ဝိ/-)ဖြစ်၍ (၅ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၃၆၀)အိတ်၊ နှမ်းပြာ(၁၉၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၅၈၀)အိတ်၊ မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(HL)(၅၆၀)အိတ်၊ ကုလားပဲ(မြကြေး) (၄၇၀)အိတ်၊ ဘိုကိတ်ပြာ(၃၂၀)အိတ်၊ ပဲကြီး(၅၃၀)အိတ်၊ မြေပဲလုံးဆံဖြူ(၆၃၀)အိတ်၊ မြေပဲလုံးဆံနီ (၅၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ် တစ်ပိဿာလျှင် (၂၂၀ဝိ/-)နှင့် ယခုအပတ်(၂၃၀ဝိ/-) ဈေးနှုန်းဖြစ်၍ (၁၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ပြီး ပိဿာချိန် (၂၅၀၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)