
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်ကြီးတန်းလမ်းရှိကိုရဲကြီးစိုက်ပျိုး ရေးဆေးအရောင်းဆိုင်သို့ (၂၆.၂.၂၀၂၅) ရက်နေ့မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
တောင်သူအများသုံးဓာတ်မြေဩဇာများဖြစ်သော 50kgတစ်အိတ်ဈေးနှုန်းမှာ မြင်းရိုင်းတံဆိပ် ၁၁၀၀၀၀ကျပ်၊ယူရီးယား(မြင်းပျံတံဆိပ်)၁၁၀၀၀၀ကျပ်၊ပုလဲ(MPE)ကျပ် ၁၁၀၀၀၀၊အာမို ၁၅:၁၅:၁၅ ကျပ် ၁၃၅၀၀၀၊မြန်မာရွှေနဂါး ကျပ် ၁၁၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါကြောင်း သိရပါသည်။
ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် ရှောင်လင် (ထိသေ) (500 cc) တစ်ဘူးလျှင် ကျပ်၄၀၀၀၀၊ ဂလိုင်ဖောက် (ပေါင်းသတ်ဆေး) ၄လီတာ တစ်ဘူးလျှင် ကျပ် ၇၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေ ပါကြောင်းသိရပြီး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော တရားဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ ရောင်းချရန်လုပ်ငန်းရှင်အား အသိပေးပြောကြား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
DOCA(ပဲခူး)