Main menu

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ပူစီနံရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

              ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ပူစီနံရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်း ကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံရွက်များကို အစည်းလေးများ စည်း၍ရောင်းချရာ (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)