
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးတွင် နေ့စဉ် ဈေးရောင်းသူ ဝယ်သူ များနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ရာသီပေါ်တစ်ခုဖြစ်သော ခဝဲသီးအားရောင်းချနေကြောင်းသိရှိရသည်။
ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်အတွင်းဝင်ရောက်နေသော ခဝဲသီး ဈေးနှုန်းမှာ လက်လီ တစ်ပိဿာလျှင် ကျပ် (၄၅၀၀) ဖြစ်ပြီး လက်ကား တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ဖြင့်လည်းကောင်း၊ တစ်တောင့်လျှင် အလုံးအရွယ် အစားအလိုက် ကျပ် (၈၀၀) မှ (၁၀၀၀) ရောင်းချလျက်ရှိကြောင်း၊ တပိုင်တနိုင် စိုက်ပျိုးထားသော ဒေသကွပ်ကဲ ရေးစစ်ဦးစီးချူပ် စိုက်ကွင်းတွင်လည်း ၁၀၀၀ ဖိုး (၅)တောင့် မှ (၇) တောင့်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)