Main menu

ကုန်သွယ်ရေးစစ်ပွဲအပေါ်စိုးရိမ်မှုများကြောင့် ဂျပန်လုပ်ငန်းများ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်ဆန္ဒရှိ

Powered by Drupal

          ကုမ္ပဏီတစ်ချို့က ထုတ်လုပ်ရာအခြေစိုက်နေရာပြောင်းလဲရန်စီစဉ်မှုကို ဖြစ်ပေါ်စေ နိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုကို စိုးရိမ်မှုများကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားမှု ကို ပြသခဲ့ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) ကပြောကြားခဲ့ပါသည်။ မော်တော်ကားနှင့် ဆီမီးကွန်ဒတ်တာများမှ အဖျော်ယမကာထိပါဝင်သော စီးပွားရေးကဏ္ဍ များသည် ရည်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ကြောင်း သိရပါသည်။ BoI က ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သတ်၍ နောက်ဆုံးအချက်အလက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ တိုကျိုတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံမှုအပြီး၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ BoI ၏အတွင်းရေးမှူးချုပ်ဖြစ်သူ Narit Therdsteerasukdi က တာဝန်ရှိသူများသည် ရေနံဓာတု၊ ပလတ်စတစ်၊ အစားအစာ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ပါဝင်သည့် များစွာသောလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၎င်းတို့ထဲမှအချို့သည် ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုကိုရှောင်ရှားရန် တရုတ်ထံမှရွှေ့ပြောင်းရန်အလိုရှိသည်ဟု ပြောကြားခဲ့ ကြောင်း သိရပါသည်။ ဘုတ်အဖွဲ့သည် ကားထုတ်လုပ်သူများနှင့် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ BoI ၏အဆိုအရ Isuzu Motors သည် အဓိကအားဖြင့်တင်ပို့ရန်အတွက် ထိုင်းနိုင်ငံရှိ၎င်းတို့၏စက်ရုံတွင် လျှပ်စစ် pick up ကားများထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ ကုမ္ပဏီသည် ယခုနှစ်တွင် ဘက်ထရီဖြင့်မောင်းနှင်သည့် pick up ကားများကို နော်ဝေသို့တင်ပို့ရန် ပထမစီစဉ်နေ ကြောင်း သိရပါသည်။ အခြားဂျပန်ကားထုတ်လုပ်သူများသည်လည်း ထိုင်းနိုင်ငံတွင် ၎င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးချဲ့ရန် အလိုရှိကြောင်း ပြောကြားခဲ့ပါသည်။ Mitsubishi Motors သည် Hybrid လျှပ်စစ်မော်တော်ယာဉ်မော်ဒယ်အသစ်များကို မိတ်ဆက် ရန် စီစဉ်နေပြီး ယခုနှစ်ဝက်တွင် ဘက်ထရီလျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်မည်ဟု သိရပါသည်။ ဆီမီးကွန်ဒတ်တာကဏ္ဍတွင်လည်း Toshiba Electronic Device and Storage၊  Minebea-Mitsumi နှင့် Rapidus တို့သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း များတွင် စိတ်ဝင်စားနေကြောင်း သိရပါသည်။ Suntory Group သည်လည်း  ကျန်းမာရေးနှင့် သင့်လျော်သောဖျော်ရည်များနှင့် သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သောထုတ်ပိုးမှုပုံစံကို အဓိကရည်ရွယ်သော ထိုင်းနိုင်ငံရှိ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းတို့သည် ၂၀၃၀ ခုနှစ်တွင် အစိမ်းရောင်ထုတ်ကုန်များကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုင်းအာဏာပိုင်များသည် နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် BoI ၏ ဥက္ကဌဖြစ်သူ Pichai Chumhavajira ဦးဆောင်၍ သွားရောက်ခဲ့သည့် တိုကျိုဆွေးနွေးမှုနှင့်ပတ်သတ်၍ ကျေနပ်လျှက်ရှိကြောင်း သိရပါသည်။ ထိုသုံးရက်ကြာ ခရီးစဉ်အတွင် ၎င်းတို့သည် လုပ်ငန်း ၄၀၀ မှကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရ ပါသည်။

DOCA(ရန်ကုန်)