Main menu

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ် ၄၈ ခုကိုလိုင်စင်ချပေးခဲ့သည့် Bac Ninh ပြည်နယ်

Powered by Drupal

          ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ  Bac Ninh ပြည်နယ်သည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၂၁၀ ကျော်တန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း(FDI)သစ် ၄၈ ခု ကိုလိုင်စင်ချပေးခဲ့ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုပြည်နယ်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ တစ်ချိန်တည်းမှာပင် တည်ရှိပြီး FDI စီမံကိန်း ၃၀ ခု၏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသော မတည်ငွေထပ်တိုးမှုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်အာဏာပိုင်များသည် စီးပွားရေးအဖွဲ့အစည်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများ ၏ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၉၁ သန်း တန်ဖိုးရှိသော မတည်ငွေပူးပေါင်းပါဝင်မှုနှင့် ရှယ်ယာများဝယ်ယူမှုများကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်သည်ယခုအခါ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံတန်ဖိုးရှိသော FDI စီမံကိန်း ၂၄၅၉ ခု ပိုင်ဆိုင် ထားကြောင်း ဌာနကပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်နယ်သည် ယခုနှစ်၏ ပထမှနှစ်လတွင် ဗီယက်နမ်ဒေါင် ၁၁၁.၁၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံ)တန်ဖိုးရှိသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၄ ခုကို လိုင်စင်ချပေးခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် ဗီယက်နမ်ဒေါင် ၈၉၆ ဘီလီယံတန်ဖိုးရှိသော လည်ပတ်နေသည့်စီမံကိန်း ၁၄ ခု၏ မတည်ငွေ ထပ်တိုးမှုကိုခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် Bac Ninh ပြည်နယ်သည် စုစုပေါင်းဗီယက်နမ်ဒေါင် ၃၉၀.၇ ထရီလီယံတန်ဖိုးရှိသည့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၆၂၉ ခု တည်ရှိရာနေရာဖြစ်လာကြောင်း သိရပါသည်။

DOCA(ရန်ကုန်)