Main menu

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အယ်ဂျီးရီးယားရှာဖွေ

Powered by Drupal

          အယ်ဂျီးရီးယားဆိုင်ရာဗီယက်နမ်ကုန်သွယ်ရေးရုံးသည် နှစ်နိုင်ငံအကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အယ်ဂျီးရီးယားနိုင်ငံ Ghardaia ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ အလုပ်သဘောအလည်အပတ်သွားရောက်ခဲ့ကြောင်း သိရပါသည်။ ရုံးနှင့် ပြည်တွင်းစက်မှုနှင့်စီးပွားရေးအသင်းတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများကို ရှာဖွေရန် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ Ghardaia ပြည်နယ် သည် စက်မှုဇုန်နှစ်ခုနှင့် ယူနက်စကိုစာရင်းဝင်နေရာများကို ပိုင်ဆိုင်ထားသည့်အတွက် ကုန် ထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍနှင့် တင်ပို့ရန်အတွက် အလားအလားများကို ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲတွင် ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Hoang Duc Nhuan က ဗီယက်နမ်၏စီးပွားရေးနှင့် ပြည်ပကုန်သွယ်ရေးလမ်းပြမြေပုံအကျဉ်းချုပ်ကို ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အကောက်ခွန်ဌာနထံမှ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရှိကြောင်း သိရပါသည်။ အယ်ဂျီးရီးယားသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များတွင် ကော်ဖီ အကြမ်း၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့များ၊  အုန်းသီးခြောက်များ၊ ရေထွက်ကုန်များနှင့် ဓာတု ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အယ်ဂျီးရီးယားထံမှ အဓိက တင်သွင်းသည့်ပစ္စည်းများမှာ Carob power၊ ဆေးဝါးများ၊ သတ္တုရိုင်းများ၊Recycle စာရွက်၊ တိရိစ္ဆာန်အစာနှင့် ကြက်ခြေထောက်တို့ပါဝင်ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်မှုတွင် ဗီယက်နမ်၏ PetroVietnam Exploration Production Corporation ၊ ထိုင်းနိုင်ငံ၏ PTT Exploration and Production Public Company Limited နှင့် အယ်ဂျီး ရီးယား၏ Sonatrach တို့သည် အယ်ဂျီးရီးယားနိုင်ငံ Ouargla ပြည်နယ်တွင် တစ်ရက်လျှင် ၁၆၀၀၀ စည်မှ ၁၈၀၀၀ စည်အထိထုတ်လုပ်နိုင်စွမ်းရှိသည့် Bir Seba ရေနံတွင်းကို ၂၀၁၅ ခုနှစ် ဩဂုတ်လမှစ၍ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါသည်။ ရေနံနှင့် ဂတ်စ်ကဏ္ဍအပြင် များစွာသော ဗီယက်နမ်စီးပွားရေးကိုယ်စားလှယ်များသည် ဆေးဝါးများ၊ Functional Food များနှင့် ဆောက်လုပ်ရေးတို့တွင် ပူးပေါင်းလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန် လွန်ခဲ့သည့်နှစ်က အယ်ဂျီးရီးယားနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားပြည်တွင်းလုပ်ငန်းများသည်လည်း ဗီယက်နမ်ထံမှ ကော်ဖီအကြမ်း၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆန်၊ သီဟိုဠ်စေ့များ၊ သကြား၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများနှင့် အားကစားပစ္စည်းများကို တင်သွင်းရန်စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သံလွင်ဆီ၊ စွံပလွံသီး၊ နို့ထွက်ကုန်များ၊ မာဂျရင်း (ဟင်းရွက်အဆီခဲ)နှင့် ကော်ဇောများအား ဗီယက်နမ်သို့ ပြန်လည်တင်ပို့ရန်နှင့် အဝတ် အထည်၊ စိုက်ပျိုးရေးထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်း၊ ရေခဲသေတ္တာထုတ်လုပ်ခြင်း၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ချေများကို ရှာဖွေခဲ့ကြ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)