Main menu

ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ၊သရက်ချောင်းကျေးရွာရှိ ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇွန်လ (၃)ရက်နေ့၊ နံနက်(၁၀:၀၀)မှ (၁၁:၃၀)နာရီအထိ ဆန်စက်လုပ်သား (၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဘိုကလေးမြို့နယ် သရက်ချောင်းကျေးရွာ(တစ်သုံးလုံး)ဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများထဲမှ စားသုံးသူအခွင့်ရေးအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် ကိစ္စများအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

       ဆက်လက်၍ ကုန်စည်၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့် Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက ကုန်စည်၊ ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မည်သူမဆို Call Center (1535) သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)