Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက် ဈေးနှုန်းအခြေအနေ

Powered by Drupal

 

         ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုး ထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ယခု ဖေဖော်ဝါရီ လ လဆန်းပိုင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

               ယခင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၆၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ထက် တစ်စည်းလျှင်(၁၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)