Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား စက်သုံးဆီနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည် (၇.၆.၂၀၂၂)ရက်နေ့ နေ့လည် (၁၃;၀၀)နာရီအချိန်က မြောင်းမြခရိုင်ဦးစီးမှူးရုံးခန်း၌ စက်သုံးဆီတင်သွင်း၊ ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန်၊ စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နေကြောင်း စက်သုံးဆီသယ်ယူမှုများအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများအား တင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်နေသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ရောင်းချကြရန် ဆွေးနွေးခဲ့ပါသည်။

          မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးက စက်သုံးဆီရောင်းချနေသော လုပ်ငန်းရှင်များအား ဌာနအနေဖြင့် မြို့နယ်တွင်းစက်သုံးဆီများအား ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်းရှိ/မရှိ၊ စက်သုံးဆီ ဆိုင်များဖွင့်လှစ်မှုရှိ/မရှိ။ စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေသော စက်သုံးဆီဆိုင်များ စာရင်းအား အထက်ဌာနအဆင့်ဆင့်သို့ တင်ပြနေရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဝန်ထမ်းများ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းဈေးနှုန်းစာရင်းများကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ၊ အာမခံပေးထားသော ကုန်စည်များနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား၊ Projector ဖြင့် အသေးစိပ်ရှင်းလင်းဆွေး နွေးခဲ့ပါသည်။ ထို့နောက်စက်သုံးဆီရောင်းချဖြန့်ဖြူးနေသော လုပ်ငန်းရှင်များမှသိရှိလိုသည်များအား ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)