Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော စားတော်ပဲစိမ်း ဈေးနှုန်း အခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့်လယ်ယာမြေများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ စားတော်ပဲစိမ်း နို့ဆီတစ်ဘူး လျှင်(၁၂၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၈၈၀၀)ကျပ်၊ စားတော် ပဲစိမ်း  နို့ဆီတစ်ဘူးလျှင်(၁၁၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စားတော်ပဲစိမ်း တစ်ပြည်လျှင်(၇၀၀)ကျပ် ကျဆင်း လျက်ရှိ ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)