Main menu

ထားဝယ်မြို့ပေါ်ရှိ ကျော်ကျော်မုန့်တိုက်ရှိ အသင့်စားမုန့်လုပ်ငန်းမှထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်မျာအားစစ်ဆေးခြင်း

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဇလွန်းကျေးရွာရှိ ကျော်ကျော်မုန့်တိုက်သို့သွားရောက်၍ အသင့်စားမုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်း ချသည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ဖြူးထုတ်လုပ်ရောင်းချနေမှုများ ရှိ/ မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲ လျက်ဖော်ပြထားသော ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက် ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက် များ ရယူဆောင်ရွက်ထားရှိမှု ရှိ/မရှိ နှင့် ထုတ်ယူရရှိသောစက်မှုကုန်ကြမ်းသုံးဆီများကို အမှန်တကယ်သုံးစွဲခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)