Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြရတနာရပ်ကွက်ရှိ ခိုင်ရတနာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် (၂၅.၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် မြရတနာရပ်ကွက်ရှိ ခိုင်ရတနာဆန်စက် လုပ်ငန်းရှင်နှင့် တွေဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်  မြောင်းမြမြို့နယ်တာဝန်ခံမှ  မြရတနာရပ်ကွက်ရှိ ခိုင်ရတနာဆန်စက်မှ ဆန်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားခြင်းမပြုကြရန်၊ မြန်မာနိုင်ငံဆန်၊ စပါးအသင်းချုပ် (MRF) မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊  ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)