Main menu

ပွင့်လင်းရာသီ ပုသိမ်ထီးဈေးကွက် အရောင်းအဝယ်သွက်

Powered by Drupal

          မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင် နာမည်ကျော်ကြား၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊၊

          ပုသိမ်ထီးကို အစပထမတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျင်စကိုတည်ရေများသုတ်လိမ်းပြီး ဆီစိမ်ကာ ရေစိုခံအောင်ပြုလုပ်သုံးစွဲခဲ့ပြီး ပြည်တွင်းမှ ထွက်ရှိသော ပိတ်ရောင်စုံ၊ တက်ထရွန် ရောင်စုံဖြင့် ထုတ်လုပ်၍ နိုင်ငံခြားငွေဖြင့် ဝယ်ယူရသော ကုန်ကြမ်းပစ္စည်းများမပါဘဲ ဒေသထွက်ကုန်ကြမ်းများ ဖြစ်သော မအူသစ်၊ ထီးရိုးဝါး၊ သရကူဝါး ၊ မြန်မာပိတ်စများဒေသတွင်းထွက်ရှိသည့် သုတ်ဆေး၊ ဆိုးဆေးများဖြင့် အသုံးပြုကာ ထီးရွက် ပေါ်တွင် ကနုတ်ပန်းချီရေးဆွဲခြင်း ၊ ရှုခင်းပုံများရေးဆွဲခြင်း၊ ရှေးခေတ်ပန်းချီ လက်ရာများ ရေးဆွဲခြင်းများ၊ ဆေးဆိုးခြင်းများ ပြုလုပ်၍ ထီးရွက်ကို အလှဆင်ထားသည့်အတွက် မြန်မာ့လက်မှုအနုပညာကို ဖော်ထုတ်နိုင်သည့် ရိုးရာလုပ်ငန်း တစ်ခုအဖြစ် ထင်ရှားကျော်ကြား လျက်ရှိပါသည်၊၊

          ယခုပွင့်လင်းရာသပုသိမ်ထီးဈေးကွက်တွင် တန်ဆောင်တိုင်ကထိန်အလှူရာသီမှစ၍ ယခုအချိန်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မြဝတီနှင့်အခြားမြို့များ တိုင်းအတွင်းရှိ မြို့နယ်များတွင် အလှဆောင်းထီး ၁၀ လက်မခွဲ ကျပ် ၁၀၀၀၀၊ ၁၄လက်မထီး ကျပ် ၁၂၀၀၀ ၊ ၁၅လက်မထီး ကျပ် ၁၅၀၀၀ ဈေးဖြင့် ပြည်တွင်းဈေးကွက် သုံးစွဲရန်အမှာစာဖြင့်လည်းကောင်း လူကိုယ်တိုင် သော်လည်းကောင်း လာရောက်ဝယ်ယူ လျက်ရှိပြီး ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဟိုတယ်အလှဆင် ရန်နှင့် ကမ်းခြေသုံးထီး ၂'၊ ၃'၊ ၄' ဆိုဒ်ထီးများကိုလည်း ဝယ်ယူလျက်ရှိပြီး ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် လာရောက် ချိတ်ဆက်မှုများ ရှိကြောင်း ကုန်ကြမ်းဈေးများ မြင့်တက်မှုရှိသည့်အတွက် ယခင်နှစ်ဈေးထက် ယခုနှစ် ပုသိမ်ထီးတစ်လက်ကို ၂၀၀၀/၃၀၀၀ ဈေးနှုန်းမြင့်တက်မှုရှိကြောင်း  ပုသိမ်မြို့ ဘန့်ဘူးဟောက် ( BAMBOO HOUSE Traditional  Umberlla Work Shop)ထီးလုပ်ငန်းရှင်ထံမှသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)