Main menu

အရောင်းအဝယ်သွက်နေသော Matcher ကျွဲကောဝိုင်

Powered by Drupal

          မွန်ပြည်နယ်သည် ကျွဲကောသီးအများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ရာ ယခင်က ကျွဲကောသီးများကို ပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အလုံးလိုက် တင်ပို့ရောင်းချပြီး ယခုအခါ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ကျွဲကောဝိုင်ထုတ်လာသည်ကို တွေ့ရှိရသည်။

            ကျွဲကောသီး၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်သော “Matcher” ကျွဲကောဝိုင်သည် အချိန်တိုကာလအတွင်း ဈေးကွက်အတွင်းသို့ရောက်ရှိလာသည်ကို တွေ့ရသည်။ “Matcher” ကျွဲကောဝိုင်ကို ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွဲကောဝိုင်များကို စမ်းသပ်ထုတ်လုပ်ရာ ၂၀၂၄ ခုနှစ်ကုန်ခန့်တွင် ဈေးကွက်အတွင်းသို့ ရောက်ရှိလာပြီး အရောင်း အဝယ်သွက်လျှက်ရှိကြောင်း သိရှိရသည်။ လတ်တလောတွင် 375 ml တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပြီး ပုလင်းရေ (၁၀၀၀) စမ်းသပ်ထုတ်လုပ်၍ ဈေးကွက်တင်ပို့ပြီး 375 ml ဝိုင်တစ်ပုလင်းလျှင် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချရာ ထုတ်လုပ်နိုင်မှုထက် ကုန်အမှာစာများက ပိုမိုရရှိကြောင်း “Matcher” ကျွဲကောဝိုင်ထုတ်လုပ်သူ ဒေါ်သူဇာလိုင်က ပြောကြားခဲ့သည်။ ကျွဲကောဝိုင်များကို ကုန်စည်ပြပွဲများတွင် ပြသရောင်းချခဲ့ရာ ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ် အတွင်းမှ ကုန်အမှာစာများပိုမိုရရှိလာကြောင်း၊ လာမည့်ကျွဲကောရာသီတွင် ဝိုင်များကို ပိုမို ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး Citi Mart နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိကြောင်း၊ ပြည်ပဈေးကွက်ချိတ်ဆက်မှုအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ချိတ်ဆက်ဆွေးနွေးထားကြောင်း ဒေါ်သူဇာလိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မွန်)