Main menu

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

          ၂၇.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်တာဝန်ခံရုံး၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်တာဝန်ခံက အလှကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ အွန်လိုင်းရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်နှင့် လိုင်စင်ပြုလုပ်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)