Main menu

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

Powered by Drupal

          ၂၇.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုဆွေးနွေးပွဲတွင်မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူ များ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများအား ကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ အား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် အတည်ပြုပြဌာန်းပုံအကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူထိခိုက် နစ်နာမှုမရှိစေရန် သတိပြုရမည့်အချက်များ၊ Online Sales ရောင်းချမှုနှင့်ပတ်သက်၍ စားသုံးသူများ လိမ်လည်ခြင်းမခံရစေရန် ရွေးချယ်ဝယ်ယူရမည့် နည်းလမ်းများ၊ စားသုံးသူ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)