Main menu

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိပြောင်းဖူးတင်သွင်းသည့်ဈေးနှုန်း

Powered by Drupal

          ပြောင်းဖူးကို ရာသီမရွေးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြ ပါသည်။ပြောင်းဖူးကိုလူမျိုးဘာသာမျိုး စားသုံးရန်သာမက တိရိစ္ဆာန်အစားအစာအတွက် အလွန် အသုံးဝင်ပါသည်။ ပြောင်းဖူးသည် ပြည်ပဝင်ငွေအများဆုံးရရှိသည့် သီးနှံမျိုးဖြစ်ပြီး လူတိုင်း ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ပြောင်းဖူးကို သကြားပြောင်း၊ ထောပတ် ပြောင်းဟူ၍ နှစ်မျိုးရှိပါသည်။

          မြိတ်မြို့တွင် ပြောင်းဖူးစိုက်သူနည်းပါးသဖြင့် အခြားပြည်နယ်များမှ တင်သွင်းဝယ်ယူ ‌ရောင်းချကြပါသည်။ ယခုအခါ မြိတ်မြို့ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် စမ်းချောင်းကုန်စိမ်းဈေး များတွင် ပြောင်းဖူးအစိမ်းတစ်လုံးလျှင် (၁၂၀၀)ကျပ်နှင့် (၁၅၀၀)ကျပ် အစားစားရှိကြောင်း ကုန်စိမ်းရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)