Main menu

ကျိုင်းတုံမြို့ ဘိုစားပဲသီး ဈေးကွက်

Powered by Drupal

            ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စပါးကို အဓိကထားစိုက်ပျိုးပြီး စပါးရိတ်သိမ်း ပြီးချိန်တွင် လယ်ကွက်များအား ထွန်ယက်ပြီး မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ဘိုစားပဲသီးကို ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးသည့် ကျေးရွာအုပ်စုများမှာ လွယ်လုံအုပ်စု၊ တုံစည်အုပ်စု၊ ကတ်ထိုက်အုပ်စုများတွင် ဘိုစားပဲသီးကို အများဆုံး စိုက်ပျိုးကြ ကြောင်းသိရပါသည်။

          ဘိုစားပဲစိုက်ပျိုးရာတွင် မြေကိုထွန်ယက်၍ အတန်းအလိုက် ဘောင်စနစ်ပြုလုပ်၍ ဝါးတိုင် ထောင်ပေးရပြီး တစ်ဧကလျှင် ဝါးတိုင်ပေါင်း (၄၀၀၀-၄၅၀၀)ခန့် ထောင်ပေးရကြောင်း သိရှိရပါ သည်။ ဘိုစားပဲသီးကို စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် မျိုးစေ့၊ ထွန်ယက်ခ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းစေး၊ မြေဩဇာ၊ နွားချီး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် သွင်းအားစု စုစုပေါင်း (၁၂)သိန်းခန့် ကုန်ကျကြောင်း ဘိုစားပဲစိုက်တောင်သူကြီးများထံမှ သိရှိရပါသည်။  

          နှစ်စဉ် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၄၅-၅၀)အတွင်း ဘိုစားပဲသီးကို စတင်ခူးဆွတ်နိုင်ကြောင်း သိရပြီး တစ်ဧကလျှင် အစည်းရေပေါင်း (၃၀၀၀)မှ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုဖေဖော်ဝါရီလတွင်ထွက်ရှိသော ဘိုစားပဲသီးကို ကျိုင်းတုံမြို့မဈေး၊ ယန်းခန်းဈေး၊ နောင်ကွမ် ဈေးတို့၌ လက်ကားဈေးနှုန်း တစ်စည်းလျှင် (၈၀၀-၁၀၀၀)ကျပ်ခန့် လက်လီဈေးနှုန်း တစ်စည်း လျှင် (၁၀၀၀-၁၂၀၀)ကျပ်ခန့်အထိ ပေးဝယ်ရကြောင်းသိရပါသည်။

          တစ်ဧက ဘိုစားပဲသီးရောင်းရငွေမှာ လက်ကားဈေးနှုန်းဖြင့်တွက်လျင် (၃၂)သိန်းခန့်ရရှိပြီး တစ်ဧကအမြတ်ငွေမှာ (၂၀) သိန်းခန့် ရရှိကြောင်းသိရပါသည်။

DOCA(ရှမ်း)