Main menu

စက်မှုလုပ်ငန်းသုံးများအတွက် ခွဲဝေရရှိသည့် စားဆုံးဆီများကို မအူပင် စားအုန်းဆီအရောင်းလုပ်ငန်းရှင်ထံ လက်ဝယ်အရောက်ဆပ်သွယ်ထုတ်ယူနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ  စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိမှုအပေါ် မအူပင်ခရိုင် လူဦးရေ (၃၈၉)ဦး စားအုန်းဆီ ပေပါ(၈၃) အား ဆက်သွယ်ထုတ်ယူ၍ လုပ်ငန်းအတွင်း အမှန်တကယ်အသုံးပြုနိုင်ရေးကို လစဉ်ရရှိဆီခွဲတမ်းများကို မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            မအူပင်မြို့နယ် စက်မှုလုပ်ငန်းသုံးများအတွက် ခွဲဝေရရှိသည့် စာအုန်းဆီပေပါများကို စနစ်တကျထုတ်ယူရန် မအူပင်စားအုန်းဆီထုတ်ကိုယ်စားလှယ် ဦးဝေလင်း (ဦးသိန်းမောင်, ဒေါ်ငွေကျာ့) ဆိုင်တွင် ရရှိသောဆီခွဲတမ်းပိဿာ တစ်ဦးခြင်းထုတ်ယူနိုင်ရေးကို လစဉ်ရရှိသည့် ဆီခွဲတမ်းများအပေါ် စက်မှုလုပ်ငန်းသုံးလုပ်ငန်းရှင်များထံ ဆက်သွယ်၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းနှင့် လုပ်ငန်းရှင်များထံ ရရှိဆီများကို ပြန်လည်ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန်ကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)