Main menu

ဆေးနှင့် ကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးဆိုင်များအား လစဉ် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့၊ ဗိုလ်ချုပ်လမ်း၊ (၃)ရပ်ကွက်နှင့် (၅)ရပ်ကွက် ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်တွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း တွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလိုရောင်းချပေးနေကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)