Main menu

ပခုက္ကူဈေးကွက်တွင် နှမ်းနက်(စမုန်)များ ဈေးဆက်လက်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုန်)များ ပြည်ပ အဝယ်လိုက်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ နှမ်းသီးနှံစိုက်ပျိုးမှု များသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေး၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသော နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဖေဖော်ဝါရီ(စတုတ္ထပတ်)တွင် နှမ်းရာသီပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းပြီး သီးနှံအဟောင်းများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက် (စမုန်) ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၂၀၀ - ၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်း အဝယ်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည် အသွေးလိုက်၍ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၂၄၅၀၀၀-၂၁၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၂၄၀၀၀-၁၁၉၀၀၀-၁၀၈၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၁၀၃၀၀၀-၁၀၀၀၀၀) အရောင်း အဝယ်ဖြစ်ပြီး ဖေဖော်ဝါရီလ(ပထမပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၁၀၀၀-၁၁၀၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၁၁၀၀၀-၁၀၉၀၀၀-၁၀၆၀၀၀)၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၃၅၀၀၀-၂၀၀၀၀၀)အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်လအတွင်း နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၁၀၀၀၀)ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း၊ ဈေးကွက်သို့ ရောက်ရှိ သည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။ 

DOCA(မကွေး)