Main menu

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ ဆန်ဈေးနှုန်းများ

Powered by Drupal

          ရွှေဘိုခရိုင်အတွင်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက် မှုမှာဖေဖော်ဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ (115265)အိတ်၊ မန္တလေးသို့ (71481) အိတ်၊နေပြည်တော် သို့ (2481)အိတ်၊ပဲခူးတိုင်းသို့ (15450)အိတ်၊ ဧရာဝတီ တိုင်းသို့ (2110)အိတ်၊ မကွေးတိုင်းသို့ (1430)အိတ်၊ ရှမ်း(တောင်)သို့ (28065)အိတ်၊ ကချင်ပြည်နယ်သို့ (3500)အိတ်၊ မွန်ပြည်နယ်သို့ (14204)အိတ်၊ ကရင်ပြည်နယ်သို့ (2225)အိတ် စုစုပေါင်း အိတ်ရေ 256211 တန်အားဖြင့် 12811တန် စီးထွက်ခဲ့ပါသည်။

          ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (101626)အိတ်၊ မန္တလေးသို့ (65625) အိတ်၊နေပြည်တော် သို့ (1965)အိတ်၊ပဲခူးတိုင်းသို့ (13440)အိတ်၊ ဧရာဝတီ တိုင်းသို့ (200)အိတ်၊ မကွေးတိုင်းသို့ (1685)အိတ်၊ ရှမ်း(တောင်)သို့ (25937)အိတ်၊ ကချင်ပြည်နယ်သို့ (2500)အိတ်၊ မွန်ပြည်နယ်သို့ (14435)အိတ်၊ ကရင်ပြည်နယ်သို့ (2620)အိတ် စုစုပေါင်း အိတ်ရေ 230033 တန်အားဖြင့် 11502တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ 26178၊ တန်အားဖြင့် 1309တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် 3၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁3၅၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2200000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁10၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)