Main menu

ချိုချိုမွှေးမွှေး ရာသီစာ သခွားမွှေးဈေးနှုန်း/ ဈေးကွက်

Powered by Drupal

             ရွှေဘိုမြို့ရှိ ဈေးများတွင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် သခွားမွှေးများကို ရောင်းချလျက်ရှိပါသည်။ သခွားမွှေးကို ရွှေဘိုမြို့ရှိ အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြသည့်အပြင် ရေဦးမြို့မှလည်းစိုက်ပျိုးကြပြီး ရွှေဘိုမြို့သို့ လာရောက်ရောင်းချကြောင်း  သိရှိရပါသည်။ သခွားမွှေးကို ရွှေဘိုမြို့ရှိ ဒေသခံများအပြင် ခရီးသွားပြည်သူများလည်း ဝယ်ယူလျက်ရှိကြောင်း၊ ခေါင်းရွက်ဗျက် ထိုးဈေးသည်များလည်းဝယ်ယူပြီး ပြန်လည်ရောင်းချချကြောင်း၊ သခွားမွှေးကို အလုံးလိုက်သော် လည်းကောင်း၊ အစိတ်သော်လည်းကောင်း ရောင်းချကြကြောင်း၊ သခွားမွှေးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)လုံးလျှင် (၁၅၀ဝိ/-)ကျပ်၊ (၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး သခွားမွှေး အစိတ်ဈေးနှုန်းမှာ (၁)စိတ်လျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)