Main menu

ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသော ဖျော်ရည်ဈေးနှုန်း

Powered by Drupal

           နေ့ပူ ညချမ်း တပေါင်းလဆန်း ဆိုသည့် ဆိုရိုးစကားအတိုင်း တပေါင်းလသည် နွေဦးရာသီ အစဖြစ်သည့်အတွက် နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ နေပူပြင်းလာသည်ဖြစ်ရာ အအေးဆိုင်များတွင် ဖျော်ရည်များကို စတင်ရောင်းချလျက်ရှိကြောင်း၊ ရွှေဘိုမြို့ရှိ ဒေသခံပြည်သူများနှင့် ရွှေဘိုမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှလည်း ရွှေဘိုမြို့ပေါ်သို့ ဈေးများလာရောက်ဝယ်ယူပြီး  အပြန်တွင် ဖျော်ရည်များကို ဝယ်ယူစားသောက်ကြကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့် မန်ကြီးဖျော်ရည်နှင့် ကြံ ရည်များကို ရောင်းချလျက်ရှိပြီး ရွှေရည်အေး၊ နို့ချဉ်၊ အုန်းနို့ကျောက်ကျောများကိုလည်း ရောင်းချ လျက်ရှိကြောင်း၊ ရွှေဘိုမြို့တွင် ရောင်းချသော မန်ကြီးဖျော်ရည်(၁)ခွက်လျှင် (၈၀ဝိ/-)ကျပ်၊ ကြံရည် (၁)ခွက်လျှင် (၁၀၀ဝိ/-)ကျပ်၊ ရွှေရင်အေး(၁)ပွဲလျှင် (၂၀၀ဝိ/-)ကျပ်၊ နို့ချဉ်(၁)ပွဲလျှင်(၂၀၀ဝိ/-)ကျပ်၊ အုန်းနို့ကျောက်ကျော (၁)ပွဲလျှင်(၂၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဖျော်ရည်ရောင်းချသည့်ဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)