ချင်းပြည်နယ်သည် အခြေခံစားသောက်ကုန်ပစ္စည်းများကို မန္တလေး၊ ပခုက္ကူ၊ ကလေး စသည့်မြို့များမှ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။ယခင်ကလည်း ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အချို့မြို့နယ်များတွင် ကုန်ဈေးနှုန်း မြင့်မားခြင်းကိစ္စကို တွေ့ကြုံနေစမြဲ ဖြစ်ပါသည်။ အကြောင်းမှာ ချင်းပြည်နယ်သည် မိုးများသော ဒေသတစ်ခု ဖြစ်ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ( Covid - 19 ) ကပ်ရောဂါကြောင့်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေကြောင့် လည်းကောင်း အခြေခံစားသောက်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ပြီးခဲ့သည့် နှစ်တွေထက် တန်ဆာခနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရပါ သည်။
ချင်းပြည်နယ်အတွင်း (၂၀၂၁ - ၂၀၂၂) မှ (၂၀၂၂ - ၂၀၂၃)ခုနှစ်အထိ အခြေခံစား သောက်ကုန်ပစ္စည်းများ၏ ယခင်နှစ်မေလ နှင့် အခုနှစ်မေလအတွင်း ဈေးနှုန်းနှိုင်းယှဉ်ပါက အောက်ပါအတိုင်း တွေ့ရပါသည်-
စဉ် |
အခြေခံစားသောက် ကုန်ပစ္စည်းများ |
ရေတွက်ပုံ |
(၁၅.၅.၂၀၂၁) မေလ |
(၁၅.၅.၂၀၂၂) မေလ |
ဈေးနှုန်းမြင့် တက် သွားသည့် ရာခိုင်နှုန်း |
၁။ |
ဆန်(ဧည့်မထ) |
အိတ် |
၅၇၀၀၀ |
၅၈၀၀၀ |
1.75% |
၂။ |
ပဲဆီ(အမေထွားတံဆိပ်) |
ပိဿာ |
၇၅၀၀ |
၁၁၀၀၀ |
46.67% |
၃။ |
ဆီသန့်(မကွေးတံဆိပ်) |
ပိဿာ |
၄၀၀၀ |
၈၀၀၀ |
100% |
၄။ |
ကြက်သွန်ဖြူ |
ပိဿာ |
၄၅၀၀ |
၆၀၀၀ |
33.33% |
၅။ |
ကြက်သွန်နီ |
ပိဿာ |
၁၅၀၀ |
၂၀၀၀ |
33.33% |
၇။ |
အာလူး |
ပိဿာ |
၁၅၀၀ |
၃၀၀၀ |
100% |
၈။ |
ဂေါ်ဖီထုတ် |
ပိဿာ |
၅၀၀ |
၇၅၀ |
50% |
၉။ |
ကြက်ဉ |
တစ်လုံး |
၁၂၅ |
၂၅၀ |
100% |
၁၀။ |
ကုလားပဲ |
ပိဿာ |
၃၃၀၀ |
၄၂၀၀ |
27.27% |
၁၁။ |
အိုင်အိုဒင်း |
ပိဿာ |
၈၀၀ |
၁၀၀၀ |
25% |
၁၂။ |
သကြား |
ပိဿာ |
၂၀၀၀ |
၄၀၀၀ |
100% |
၁၃။ |
ဝက်သား |
ပိဿာ |
၁၀၀၀၀ |
၁၂၀၀၀ |
20% |
၁၄။ |
ကြက်သား |
ပိဿာ |
၈၅၀၀ |
၁၃၀၀၀ |
52.94% |
DOCA(ချင်း)