Main menu

ကန့်ဘလူမြို့နယ်၌ အဝင်နည်းလာသည့် ထောပတ်ပဲစိုများ အရောင်းသွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

             ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ မတ်လပထမပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင် ၅၆၀၀ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၄၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၇၅၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ထောပတ်ပဲအစိုများ အဝင်နည်းလာသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)