Main menu

ကန့်ဘလူမြို့နယ်၏ ရာသီစာမုန်လာဥဖြူ ဈေးနှုန်းအခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

            ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ထွက်ရှိသည့်မုန်လာဥဖြူများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ မတ်လ ပထမပတ်အတွင်း မုန်လာဥဖြူအကြီး (၃)ဥပါ တစ်တွဲလျှင် ၅၀၀ကျပ်၊ မုန်လာဥဖြူအသေး(၄)ဥပါတစ်တွဲလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)