Main menu

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ကင်းပုံသီးဈေးနှုန်းအခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော စားတော်ပဲ၊ ထောပတ်ပဲ၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချိုမျိုးနှင့် အခါးမျိုးနှစ်မျိုးရှိပြီး၊ အချိုမျိုးသည် အသီးနှင့်အရွက်နှစ်မျိုးစလုံး စားသုံးနိုင်ကြောင်း၊ ကင်းပုံသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးများကို ကန့်ဘလူမြို့ ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး (၁)ဘူးလျှင် (၃၀၀)ကျပ်၊ နို့ဆီဘူး(၂)ဘူးလျှင် (၅၀၀)ကျပ်၊  (၁) ပြည်လျှင်(၂၀၀၀) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)