
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ရာသီပေါ်ဒေသထွက်ခဝဲသီးများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ကန့်ဘလူ “မြို့မဈေး”တွင်ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၁)တောင့်လျှင်(၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)