Main menu

မန္တလေးထောပတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

  မန္တလေးပဲမျိုးစုံစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ထောပတ်ပဲများ မတ်လပထမပတ်အတွင်း ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ထောပတ်ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံစိုက်ပျိုးမှု(၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈) ဧက၊ အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ဂေါက်) ၃၁၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၂၆၃၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပဲ(ဂေါက်) ၅၅၁၁ကျပ်နှင့် ၅၆၈၉ ကျပ်၊ ထောပတ်ပဲ(လတ်) ၄၉၇၈ ကျပ်၊ ထောပတ်ပဲ (သေး) ၄၆၇၆ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ထောပတ်ပဲ(လတ်) ၃၆၅၀၀၀ ကျပ်နှင့် ၃၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၃၃၀၀၀၀ ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပဲ(လတ်) ၆၄၈၉ ကျပ်နှင့် ၆၅၇၈ကျပ်၊ထောပတ်ပဲ(သေး) ၅၈၆၇ကျပ်နှင့် ၆၂၂၂ကျပ်ဖြစ်ပေါ်ခဲ့ပြီးကာလတူပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ထောပတ်ပဲစျေးလျော့နည်းသွားကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ထောပတ်ပဲဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)